နေပြည်တော်စီမံကိန်းရုံးခွဲလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော် ဧပြီလ ၂၀ ရက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ပြည်ထောင်စုနယ်မြေ လူထုဗဟိုပြုစီမံကိန်း၊ နေပြည်တော်စီမံကိန်းရုံးခွဲ၏ လပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စီမံကိန်း မြို့နယ်များဖြစ်ကြသည့် တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်များမှ စီမံကိန်းတာဝန်ခံများမှ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်း များ၏ အခြေအနေများကို တင်ပြခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ လိုအပ်သည် များအားညှိနှိုင်းဆွေးနွေးညွှန်ကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာန(ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူးဦးဌေးဝင်း၊ နေပြည်တော်လူထုဗဟိုပြုစီမံကိန်းရုံးခွဲတာဝန်ခံဝန်ထမ်းများ၊တပ်ကုန်းမြို့နယ်၊လယ်ဝေးမြို့နယ်၊ပျဉ်းမ နားမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများ တက်ရောက် ခဲ့ကြပြီး အစည်းအဝေး ကို နေ့လယ် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။