(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းတွင် လူထုဗဟိုပြုစီမံကိန်းမှ Information Campaign ပြုလုပ်

လွိုင်ကော် ဇန်နဝါရီလ (၁၀) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းမှ ပြည်နယ်၊ မြို့နယ်စီမံကိန်းရုံးများ စုပေါင်း၍ (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းတွင် လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများမှ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းအစီအစဉ်အနေဖြင့် မေးကြည့်၊ ဖြေကြည့်၊ CDD ပဟေဠိ ဆိုသည့်အစီအစဉ်အားထည့်သွင်းဆောင်ရွက်ခဲ့ပါသည်။ ယနေ့ (၁၀.၁.၂၀၁၉)ရက်နေ့တွင် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူ/သားများမှ စိတ်ဝင်တစား လာရောက်ဖြေဆိုခဲ့ကြပြီး လက်ဆောင်ပစ္စည်းများအနေဖြင့် လူထုဗဟိုပြုစီမံကိန်းတံဆိပ်ပါ ကျောပိုးအိတ်များ၊ မိုးကာအင်္ကျီများ၊ တီရှပ်များ၊ ဦးထုပ်များပေးအပ် သွားမည်ဖြစ်ပါသည်။ ထိုသတင်းဖြန့်ဝေခြင်းအစီအစဉ်အား (၁၀.၁.၂၀၁၉)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၁၉.၁.၂၀၁၉)ရက်နေ့အထိ (၂၀)ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။