မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲမြို့ ဧပြီ ၄

        ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို လှိုင်းဘွဲမြို့ သုမေဓာရာမတောရကျောင်းတိုက်၌ (၄.၄.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါ်နန်းမိုးမိုးထွေးနှင့် ဦးစောချစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမန်နေဂျာ ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ INGO ၊ NGO များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များနှင့် စီမံကိန်းဝန်ထမ်းများ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသအတွက်အမှန်တကယ်လိုအပ်ချက် များကိုစဉ်းစား၍ ဖွံ့ဖြိုးမှုရရှိအောင်၊ ငြိမ်းချမ်းရေးရရှိအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။