ဆောမြို့နယ် ဆီးမီးကျေးရွာအုပ်စု မီးကြိုးမီးတိုင် အဆင့်မြင့်တင်ရေး ကွင်းဆင်းတိုင်းတာ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်

ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်း ဆီးမီးကျေးရွာအုပ်စု ဆီးမီးကျေးရွာနှင့် သိန်းကျင်းကျေးရွာမှာ

အကောင်အထည်ဖော်ဆောင်ရွက်မယ့် မီးကြိုးမီးတိုင် သွယ်တန်းခြင်း လုပ်ငန်းကို ဆောမြို့နယ် လျှပ်စစ်ဦးစီးဌာနက တာဝန်ရှိသူတွေက

ဆီးမီးကျေးရွာအုပ်စု တာဝန်ခံ လူထု စည်းရုံးရေးမှုးနဲ့ လက်ထောက် နည်းပညာမှုး၊ ကော်မတီဝင်တွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊

ရပ်မိရပ်ဖတွေက လုပ်ငန်းခွဲ စတင်နိုင်ဖို့ နောက်ဆုံးအဆင့် ကွင်းဆင်းတိုင်းတာတာကို ၂၀၂၀ ၊ ဇန်နဝါရီလ ၁၈ ရက်နေ့က

ဆောင်ရွက်ခဲ့ကြပါတယ်။ အဲလို ကွင်းဆင်းတိုင်းတာရာမှာ ရေးဆွဲထားတဲ့ ဒီဇိုင်းပါ အတိုင်းအတာတွေနဲ့ မြေပြင်အနေအထား

ကိုက်ညီမှု ရှိမရှိ ကျေးရွာ ရပ်မိရပ်ဖတွေနဲ့ ဆွေးနွေးပြီး၊ ရပ်မိ ရပ်ဖတွေနဲ့ မီးတိုင် စိုက်ထူမယ့် နေရာတွေကို ပဏ္ဍပ်ငုတ် ရိုက်တာ၊

သစ်ကိုင်းတွေ ရှင်းလင်းရမယ့် နေရာတွေကို ရှင်းလင်းထားဖို့ မှာကြားတာတွေ ပြုလုပ်ကြပါတယ်။ အဲဒီ မီးကြိုး မီးတိုင် သွယ်တန်းခြင်း

လုပ်ငန်းဆောင်ရွက်ပြီးစီးရင် ဆီးမီးကျေးရွာ မှာ ရှိတဲ့ လူဦးရေ ၄၀၂ ဦးနဲ့ သိန်းကျင်းကျေးရွာမှာ ရှိတဲ့ လူဦးရေ ၃၀၉ ဦးက အကျိုးခံစားနိုင်မှာ

ဖြစ်ပြီး၊ ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်းမှာ မီးကြိုးမီးတိုင် အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာပေါင်း ၅၄ ရွာမှာ

ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank