အမျိုးသမီး ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ မောက်မယ် မြို့နယ်တွင် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက

ကမ္ဘာဘဏ်နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) အတွက် အမျိုးသမီး ပူးပေါင်း ပါဝင်မှု

အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့က မောက်မယ်မြို့မှာ ကျင်းပပါတယ်။ အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်

ဦးစိုင်းငေါင်စိုင်းဟိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့က ကျား/မ ရေးရာ တာဝန်ခံ

ဦးမိုင်းဉာဏ်လင်းက ဖွံ့ဖြိုးရေးတွေမှာ အမျိုးသမီးတွေ ပူးပေါင်း ပါဝင်မှု အရေးကြီးပုံကို ဆွေးနွေးဖို့၊ ဒေသတွင်း လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ

အမျိုးသမီးတွေ ပိုမို ပါဝင်ဆောင်ရွက်လာနိုင်စေဖို့ အမျိုးသမီးတွေ ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်း ပိုမိုကောင်းမွန်မယ့် ပံ့ပိုးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု

ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်၊ အဲဒီနောက် တာဝန်ရှိသူတွေက အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့

ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပူးပေါင်း ပါဝင်ဖို့ အရေးကြီးပုံတွေ စွမ်းရည် မြှင့်တင်လာမှုနဲ့ ရရှိလာတဲ့ အကျိုးကျေးဇူးတွေ အနာဂါတ်မှာ အမျိုးသမီးတွေ အခွင့်အလမ်း

ပိုမို ရရှိလာနိုင်စေရေး ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲကိုတော့ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဖိတ်ကြားထားသူတွေ ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ လူထုဗဟိုပြု စီမံကိန်းက နည်းပညာ အကြံပေးအဖွဲ့တွေနဲ့ ဝန်ထမ်းတွေ ကျေးရွာက ကိုယ်စားပြု အမျိုးသမီး

ကိုယ်စားလှယ်တွေ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ တက်ရောက်ပါတယ်။

သတင်း - မြင့်မြင့်မို

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank