ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအား နိုင်ငံတကာ ပညာရှင်များ ကြည့်ရှု စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ Mercy Corps မှ Program Director Mr Jonathan, International Advisor Ms Nina (NCDDP) နဲ့ ဦးကျော်သောင်း (NPA) တို့က ဖေ‌ဖေါ်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ စီမံကိန်းဝန်ထမ်းတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ တွေ့ဆုံအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီနောက်မှာတော့ နောင်ကျောကျေးရွာအုပ်စု၊ ကောင်ဝိန်းကြီးကျေးရွာ နှင့် နားမွန်းကျေးရွာတွေကို ကွင်းဆင်းခဲ့ရာမှာ ကော်မတီတွေ ကျေးရွာလူထုတွေနဲ့ တွေ့ဆုံပြီးတော့ စီမံကိန်း လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေတွေ စီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုတွေ အပေါ် ရရှိလာတဲ့ အကျိုးကျေးဇူးတွေ လုပ်ငန်းရေရှည် ပြုပြင် ထိန်းသိမ်းမှုတွေ ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေကို မေးမြန်းခဲ့ပါတယ်။

 

ဒီခရီးစဉ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်း

လူထုဗဟိုပြုစီမံကိန်း မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးဟန်မင်းစိုးနဲ့ တာဝန်ရှိသူတွေက လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank