ပြည်သာယာ ကွန်ကရစ်လမ်းဖွင့်ပွဲ ကရင်ပြည်နယ် ဝန်ကြီးချုပ်တက်​ရောက်ဖွင့်လစ်

လှိုင်းဘွဲ ဇန်နဝါရီ ၁၅

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ကြာအင်းကျေးရွာအုပ်စု ဝိုင်း​ထော်ကျေးရွာ ပြည်သာယာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉:၀၀နာရီက အဆိုပါကွန်ကရစ်လမ်း​ပေါ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်​ဒေါ်နန်းခင်​ထွေးမြင့်မှ အဖွင့်အမှာစကား​ပြောကြားပြီး ဝိုင်း​ထော်​ကျောင်းဆရာ​တော်ဦးကုဏ္ဍလမှ သြဝါဒစကားမိန့်ကြားခဲ့ပါသည်။ ဆက်လက်ပြီး ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံ ​ပေးအပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်​ ဒေါ်နန်းခင်​ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်​တော် ဥက္ကဌ ဦး​စောချစ်ခင်၊ ကရင်ပြည်နယ် စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီး ဦး​စောမြင့်ဦး၊ ကရင်ပြည်နယ် ​လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း​နောင်၊ ဝိုင်း​ထော်​ကျောင်းဆရာ​တော်ဦးကုဏ္ဍလတို့မှ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ပါသည်။

အဆိုပါကွန်ကရစ်လမ်းသည် (အရှည် ၁၃၂၀' x အကျယ် ၁၄' x အမြင့်၆")(အရှည် ၅၇၀' x အကျယ် ၁၆' x အမြင့် ၆') ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ ၂၆,၀၀၀,၀၀၀ကျပ် ပြည်သူလူထုထည့်ဝင်ငွေ ၅,၀၆၀,၀၀၀ ကျပ်ခန့်ဖြင့် ၂၉.၁၂..၂၀၁၉ ရက်နေ့တွင်စတင်ကာ ၁၁.၂..၂၀၂၀ရက်နေ့တွင်ပြီးစီး အဆိုပါကွန်ကရစ်လမ်းသည် ကြာအင်း​ကျေးရွာ၊ ဝိုင်း​ထော်​ကျေးရွာ၊ ကွမ်း​တောကျေးရွာ၊ ကွီး​လေး​ကျေးရွာ၊ ကမားထကျေးရွာများမှ အိမ်​ထောင်စု ( ၁၅၉၀ )၊ လူဦး​ရေ (၉၁၁၃) ဦးအကျိုးပြုမည်ဖြစ်​ကြောင်းသိရပါသည်။