မီးဘေး အန္တရာယ် ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်မှု မိုးကောင်းမြို့နယ်တွင် ပြုလုပ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်းများ မီးဘေး အန္တရာယ်နဲ့ ကြုံတွေ့လာပါက အရေး ပေါ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး၊ မီးငြိမ်းသတ်ခြင်း ဇာတ်တိုက် သရုပ်ပြခြင်းကို တော့ ဧပြီလ ၃ ရက်နေ့ မနက် ၉ နာရီ ခွဲအချိန်က မိုးကောင်းမြို့နယ် မီးသတ် ဦးစီးမှူး

ဒုတိယ ဦးစီးမှူးနဲ့ ဝန်ထမ်းများက လက်တွေ့ သရုပ်ပြခဲ့ရာ ဝန်ထမ်းများ မှ အတူ လေ့ကျင့် ဆောင်ရွက်ခဲ့ကြပါတယ်။

အဆိုပါ မီးငြိမ်း သတ်ရေး ဇာတ်တိုက် သရုပ်ပြ လေ့ကျင့်ရေးကို ကျေးလက် ရုံး ဝန်ထမ်းနဲ့ လူထု ဗဟုပြု စီမံကိန်း ဝန်ထမ်း ၃၀ ဦးခန့်ကို မီးလောင်ပါက မီးသတ်ဆေးဗူးနဲ့ မီးငြိမ်းသတ် ခြင်း၊ ရေစို အဝတ်ဖြင့် အုပ်၍ မီးငြိမ်းသတ်ခြင်း ၊ မီးသတ် ရေပိုက်ဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို မီးသတ်တပ်ဖွဲ့ဝင်များက ဦးဆောင် ပြသခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank