ပန်းတောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ဝန်ကြီး ကြည့်ရှု့စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး၊ လူထု ဗဟိုပြု စီမံကိန်းနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

ထိုကဲ့သို့ ဆောင်ရွက်ရာမှာ ပန်းတောင်းမြို့နယ်အတွင်းရှိ ရိပ်သာ အရှေ့ ကျေးရွာမှာ ဆောင်ရွက်ထားတဲ့ ရွာတွင်း ကွန်ကရစ် ဘီးလမ်းနဲ့ ညောင်ပင်သာ ကျေးရွာမှာ ဆောင်ရွက်နေတဲ့ သနီ ချောင်းကူး ကြိုးတံတားတို့ကို ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နဲ့ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ ကျေးရွာ ကော်မတီဝင်များက လိုအပ်လျက် ရှိတဲ့ ကျေးလက် အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်းများနဲ့ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းစနစ်များကို ပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း တင်ပြမှုအပေါ် တိုင်းဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank