ပျော်ဘွယ် မြို့နယ် စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့ စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ် မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ စီမံကိန်း လုပ်ငန်းခွဲတွေ ဆောင်ရွက်နေမှုကို ဇွန်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီက တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါတယ်။

အဲဒီလို ကွင်းဆင်း စစ်ဆေးရာမှာ ပျော်ဘွယ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ ‌ခေါင်းဆောင် ဦးလှထူး၊ မန္တလေးတိုင်း ဒေသကြီး အခြေခံအဆောက်အဦးပိုင်းဆိုင်ရာ နည်းပညာ အကြံပေး Regional Infrastructure Consultant ဒေါ်အိအိလှိုင်၊ ပျော်ဘွယ် မြို့နယ် လူထုဗဟိုပြု စီမံကိန်း သတင်း အချက်အလက်နှင့် ကျား-မ ရေးရာ တာဝန်ခံ ဒေါ်မြင့်မြတ်သူနဲ့ တာဝန်ရှိသူတွေဟာ ကျေးရွာ လူထု စီမံကိန်း ကော်မတီဝင်တွေနဲ့ အတူ လျှော်ဖြူကုန်း ကျေးရွာမှာ စီမံကိန်း ထောက်ပံ့ငွေ ၃၂ ဒဿမ ၆၆ သန်းနဲ့ အိမ်တိုင်ရာရောက် ရေစင် ရေပိုက်လိုင်း သွယ်တန်းခြင်း ဆောင်ရွက်နေမှုနဲ့ တွီးရွာ ကျေးရွာမှာ စီမံကိန်း ထောက်ပံ့ငွေ ၃၉ ဒဿမ ၈၆ သန်းနဲ့ ကျောက်ရော မြေလမ်းခင်းခြင်းနဲ့ အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့် ရှု့ စစ်ဆေးပြီး၊ သတ်မှတ်တဲ့ စီမံကိန်း စက်ဝန်းအအတွင်း စံချိန်စံညွှန်း ပြည့်မှီစွာနဲ့ အချိန်မှီ ပြီးစီးရေးကို အကြံပြု မှာကြား ခဲ့ကြောင်း သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank