မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဝင် များအား သင်တန်းဖွင့်လှစ်ပေး

ပေါက် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ​ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံ​တော်က ချမှတ်ထား​သော ကိုဗစ်-၁၉ ကာလအတွင်း စီးပွား​ရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP) အရ ​ကျေး​လက်​​ဒေသနေ ပြည်သူများ၏ မိသားစုဝင်များ ဝင်​ငွေ လျော့နည်းလာမှုနှင့် စားဝတ်​နေ​ရေး အခက်အခဲများကို ကုစား​ပေးနိုင်ရန်အတွက် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆယ်ပင်း​ကျေးရွာ၊ ညောင်ပင်သာ​ကျေးရွာ၊ ထန်း​ပေါက်ကုန်း​ကျေးရွာများမှ ​ကျေးရွာ​ကော်မတီဝင် (၂၁) ဦးအား သင်တန်း​ဖွင့်လှစ်​ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​ပေါက်မြို့နယ် ဆယ်ပင်း ကျေးရွာရှိ ဘုန်း​တော်ကြီး​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မ​ကွေးတိုင်း​ဒေသကြီး ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်​ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်​အေး​အေးသန့်က သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို​ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦး​ကျော့​မောင်​မောင်က Cash For Work စီမံ ကိန်းနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်း စဉ်များကို ချပြရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများက ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

၎င်းနောက် မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးများဖြစ်​သော ​ဒေါ်ဆန်းကြွယ်၊ ​ဒေါ်အိသူဇာဝင်းနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာ (၃) တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ စီမံကိန်း ကော်မတီဝင် (၂၁) ဦးအား စီမံခန့်ခွဲမှုနှင့် စာရင်းဇယား ဖြည့်သွင်းနည်း​များကို မိမိတို့ကဏ္ဍ အလိုက် သင်ကြား​ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်နေ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေကာ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးမှုတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းကို ​ပေါက်မြို့နယ်အတွင်း ကျေးရွာပေါင်း (၈) ရွာတွင် ကျေးရွာတစ်ရွာလျှင် သိန်း (၁၀၀) စီ ထောက်ပံ့၍ (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ) သုံးလကြာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု ဇူလိုင်လတွင် လုပ်ငန်းများ စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ​ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​ကျော့​​မောင်မောင်ထံမှ သိရသည်။

ဉာဏ်တိုး(​ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/13/07/2020/id-23653