ထီးလင်းမြို့နယ် ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေမှုကို ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အကြည်ဘန်းကျေးရွာအုပ်စု အကြည်ဘန်းကျေးရွာ ရှိ လူထု ဗဟိုပြု စီမံကိန်းနဲ့ ကျေးရွာ လူထုတို့ ပူးပေါင်း အကောင်အထည်ဖော်ထားတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေမှုကို တိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ပန်းအိမိုမို ၊ Regional Infrastructure and Safeguard Assistant နဲ့ တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ဘက်စုံသုံး ခန်းမဆောင်ရဲ့ အလျား အနံ အမြင့် မှန်ကန်မှု ရှိမရှိ၊ နည်းပညာ ပိုင်းဆိုင်ရာ မှန်ကန်မှု ရှိမရှိ၊ ပစ္စည်း အရည်အသွေးပိုင်း ဆိုင်ရာများ၊ ရေရှည် တည်တံ့ ခိုင်မြဲရေးနဲ့ ပတ်သတ်ပြီး၊ လုပ်ငန်း တစ်ခု ချင်းစီအလိုက် ရေးဆွဲထားတဲ့ လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်များ၊ ငွေကြေး ကောက်ခံ ရရှိမှု၊ အသုံးပြုထားမှု၊ စာရင်း ဇယား ထားရှိမှုများကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကော်မတီများအား လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ပါတယ်။

 

အခု ဆောက်လုပ်နေတဲ့ ခန်းမဆောင်မှာ အလျားပေ ၇၀၊ အနံ ၃၈ ပေ၊ အမြင့် ၁၃ ပေ ရှိပြီး၊ သွပ်မိုး အုတ်ညှပ် တစ်ထပ်ဆောင် ဖြစ်ပြီးတော့ ဆောက်လုပ်ပြီးစီးပါက အကြည်ဘန်း ကျေးရွာက အိမ်ခြေ ၁၇၀၊ လူဦးရေ ၈၄၈ ယောက်တို့အတွက် သာရေး နာရေးနဲ့ အစည်း အဝေး ကိစ္စရပ်များ၊ အခက်အခဲ မရှိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

သတင်း - ကျော်ဇေယျ (CSAG)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank