နွားထိုးကြီးမြို့နယ်၊ ကဒေါင်းကျေးရွာတွင် Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နွားထိုးကြီး ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ကဒေါင်းကျေးရွာတွင် Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာအတွင်း အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခန့်ဇော်နှင့်တာဝန်ရှိသူများက ယမန်နေ့ညနေ ၄ နာရီခန့် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူးနှင့်အဖွဲ့က Cash for Work စီမံကိန်းထောက်ပံ့ငွေဖြင့် ကဒေါင်းကျေးရွာ ရွာအတွင်း အုတ်ရေမြောင်းတူးဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကဒေါင်းကျေးရွာ Cash for Work စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ဖြင့် ရွာအတွင်း အုတ်ရေမြောင်းလုပ်ငန်းအား အလျား ၁၅၀၀ ပေ၊ ၂ ဘက်၊ အနံ ၉ လက်မ၊ အနက် ၁ ပေ၊ ၆ လက်မ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အခြားကျေးရွာ (၆) ရွာအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ဖြိုးဝတ်ရည်မှ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်အတွင်း ကျေးရွာမတီရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေဖြင့် ကျေးရွာ ၉ ရွာ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဒုဦးစီးမှူး ဦးထွန်းထက်နိုင်မှ ရှင်းလင်းတင်ပြခဲ့သည်။

ညွှန်ကြားရေးမှူး ဦးခန့်ဇော်မှ စီမံကိန်းဆောင်ရွက်နေမှုများအပေါ် ကဒေါင်းကျေးရွာ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော အုတ်ရေမြောင်းဆောင်ရွက်ခြင်းမှ မြေစာများကို စနစ်တကျ သယ်ထုတ်ရန်နှင့် သိပ်သည်းမှုရှိအောင် သယ်ဆောင်သွားရန်၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းလုပ်ငန်းပြီးစီးမှုများအား ဆောင်ရွက်ပြသထားရန်၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအား ချေးငွေအဆိုပြုလွှာများ စစ်ဆေးအတည်ပြုပြီးပါက ဩဂုတ်လ ဒုတိယအပတ်တွင် အပြီးသတ်ထုတ်ချေးပေးသွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် လူထုဗဟိုပြုစီမံကိန်းမှTTA များ၊ CF/TFများမှ CFWနှင့် VRFP စီမံကိန်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးသွားရန်လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/28/07/2020/id-25336