ဆီဆိုင်မြိုနယ်၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဩဂုတ် ၂၁

ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင် မြို့နယ်တွင် Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ သက်ဆိုင်ရာကျေးရွာ စီမံကိန်း ကော်မတီ ဉက္ကဋ္ဌများ လိုက်ပါလျက် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ထီးဖူကျေးရွာ၌ အိမ်ခြေ ၅၈ အိမ်၊ လူဦးရေ ၃၄၉ ဦးကို အကျိုးပြုသည့် အရှည်ပေ ၆၅၀၀၊ အကျယ် ၁၀ ပေ၊ ထု ၄ လက်မရှိ ရွာတွင်းသဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်း၊ နောင်ယွေးကျေးရွာ၌ အိမ်ခြေ ၆၀ လူဦးရေ ၃၀၅ ဦးကိုအကျိုးပြုသည့် အရှည်ပေ ၅၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၅ လက်မရှိ ရွာတွင်းသဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်း၊ ပန်အောင်းကျေးရွာ ၌ အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ ၂၄၂ ဦးကိုအကျိုးပြုတဲ့ အရှည်ပေ ၅၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၅ လက်မရှိ ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း၊ တောင်းတပ်ကျေးရွာ၌ အိမ်ခြေ ၁၉၅ အိမ်၊ လူဦးရေ ၁၀၇၀ ဦးကို အကျိုးပြုတဲ့ အရှည်ပေ ၅၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၅ လက်မရှိ ရွာတွင်းသဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်း၊ ကုန်းဆွတ်ကျေးရွာအုပ်စု၊ နောင်လိတ်ကျေးရွာ၌ အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၂၈၅ ဦးကိုအကျိုးပြုတဲ့ အရှည်ပေ ၅၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၅ လက်မရှိ ရွာတွင်း သဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်းနှင့် ဝါးခရာကျေးရွာ၌ အိမ်ခြေ ၁၆၈ အိမ်၊ လူဦးရေ ၈၄၃ ဦးကိုအကျိုးပြုတဲ့ အရှည်ပေ ၄၇၀၀၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်းများ ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Cash For Work စီမံကိန်းဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာ၌ ရွာတွင်းသဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

https://www.moi.gov.mm/iprd/news/5765