ပေါက်မြို့နယ် ချောင်းနားရွာမ ကျေးရွာတွင် ပြီးစီးခဲ့သော လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ အတွက် လူထုစစ်တမ်းကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးလက်နေပြည်သူများရဲ့ ထည့်ဝင်ငွေများနဲ့ ပေါက်မြို့နယ် ချောင်းနားကျေးရွာ အုပ်စု၊ ချောင်းနားရွာမ ကျေးရွာ စာသင်ကျောင်းဆောင် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း၊ ရွာတွင်းလမ်း မြေနီခင်းခြင်းနဲ့ ကျေးလက် အင်ဂျင်မီးလင်းရေး လုပ်ငန်း ပြီးစီးအောင်မြင်မှု ဖွင့်ပွဲနဲ့ လူထု စစ်တမ်းကောက်ယူခြင်းတို့ကို စာသင်ကျောင်းရှေ့မှာ ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပရာ လူထုဗဟိုပြု စီမံကိန်း၊ တိုင်း အကြံပေး ဦးမောင်ပိုမှ အဖွင့်အမှာစကား ပြောကြားပြီး၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက စီမံကိန်း ပြီးစီးပြီး နောက်ပိုင်း ဆက်လက်ဆောင်ရွက်ရမယ့် အစီအစဉ်များ ဆွေးနွေးပြောကြားခဲ့ပါတယ်။

အဲဒီနောက် လူထုစည်းရုံးရေးမှူး ဒေါ်သဇင်ဦးက လူထုစစ်ဆေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်၊ လက်ထောက် နည်းပညာမှူး ဒေါ်ခိုင်သီတာဆွေက မဲပေးရမယ့် ပုံစံများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ ပြည်သူလူထုရဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးနိုင်ဖို့

အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူခြင်းကို ကျေးရွာ အတွင်းမှာ လှည့်လည် ဆောင်ရွက်ကြရာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းနဲ့ တာဝန်ကျ ဝန်ထမ်းများက အတူ လိုက်ပါ ကြီးကြပ်ပေးခဲ့ ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်) ၊ မျိုးဝင်းထွန်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage