ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံကျော် နှင့်အဖွဲ့ ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် Cash for Work လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဦးစိုင်းလုံကျော် ဟာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အတူ စက်တင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ရပ်စောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးတဲ့ ကောင်းဘို့ ကျေးရွာအုပ်စု နောင်ဝိုးကျေးရွာ ရေပေး‌ရေး ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီး၊ ရေပေးရေး လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်နိုင်မျိုးက ရှင်းလင်း တင်ပြမှု အပေါ် ပြည်နယ် ဝန်ကြီးက လိုအပ်တာတွေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်နယ် ဝန်ကြီး ဦးစိုင်းလုံကျော်နဲ့ တာဝန်ရှိသူတွေဟာ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း VDP ထောက်ပံ့ငွေနဲ့ ဆောင်ရွက်တဲ့ ကျောက်တော ကျေးရွာ အုပ်စု ဗန်းမက် ကျေးရွာ အထကခွဲ ကျောင်းဆောင် သစ် အုတ်ညှပ် ၂ ထပ် ကျောင်းဆောင် တည်ဆောက်ခြင်းနဲ့ Cash for Work (CFW) စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ မကျီးကုန်း ကျေးရွာအုပ်စု ပိန္နဲကုန်း ကျေးရွာ ယမ်းတွင်းငါးကြောင်အုပ်စု ပိန္နဲပင် (ရွာသစ်) ကျေးရွာ၊ မားသဲ ကျေးရွာ အုပ်စု ငါးပင် (ရွာသစ်) ကျေးရွာ နဲ့ ပါမဲ ကျေးရွာ အုပ်စု တပ်ဦး (ရွာသစ်) တို့မှာ ရွာတွင်းလမ်း မြေသားလမ်း ပြုပြင်ခြင်း နဲ့ သဲဗြုန်းခင်းခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်းတွေ ရေရှည်တည်တံ့ စေဖို့ စဉ်ဆက်မပြတ် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ကြဖို့ အကြံပြု ဆွေးနွေးမှာကြားခဲ့ပါတယ်။

သတင်း - မောင်ခိုင် (ကျေးသီး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage