ရမည်းသင်းမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ အချိန်မီပြီးစီးရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

NCDDP’s Sub-project Activities in Yamethin Monitored by Respective Officials

Mandalay, 19 October 2020, Development News TV

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်း မြို့နယ် လွှစင် ကျေးရွာ အုပ်စု လွှစင် ကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို အောက်တိုဘာ ၁၇ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် လူထု ဗဟိုပြု စီမံကိန်းမှ မြို့နယ် စီမံကိန်း တာဝန်ခံ ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများနှင့် အညီ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက် သွားကြရန်နှင့် ကျေးရွာ ကော်မတီဝင်များမှလည်း လုပ်ငန်းခွင်အတွင်း စနစ်တစ်ကျ စောင့်ကြည့် ကြီးကြပ်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။

အဆိုပါ ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်း၊ အလျား ၁၀၀၇ ပေ၊ အမြင့် ၆ ပေကို စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၇ ဒသမ ၃ သန်းနဲ့ ကျေးရွာ ပြည်သူလူထု ထည့်ဝင်ငွေ ၁ ဒဿမ ၂ သန်း စုစုပေါင်း ငွေကျပ် ၁၈ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

https://web.facebook.com/108312817273501/videos/434573167515878