နွားထိုးကြီး မြို့နယ်နှင့် တောင်သာမြို့နယ် တို့တွင် ဌာနတွင်း (၃) လပတ် စစ်ဆေးခြင်း၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း နှင့် Cash for Work စီမံကိန်း စာရင်းဇယားများ စစ်ဆေး

Documentation for Cash for Work and Village Revolving Fund Activities in Natogyi and Taungtha Monitored by Respective Officials

Mandalay, 25 October 2020, SkyNet Media Coverage

မန္တလေးတိုင်း ဒေသကြီး တောင်သာ မြို့နယ်နှင့် နွားထိုးကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့တွင် စတုတ္ထ ၃ လပတ် ဌာနတွင်း စာရင်း စစ်ဆေးခြင်း ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်း စာရင်းဇယားများအား အောက်တိုဘာလ တတိယပတ်က စစ်ဆေးခဲ့ကြသည်။

မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ တောင်သာမြို့နယ် နှင့် နွားထိုးကြီး မြို့နယ် တို့တွင် စတုတ္ထ သုံးလပတ် ဌာနတွင်း စစ်ဆေးခြင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်းတို့အား မြို့နယ် အဆင့်တွင် ထားရှိရမည့် စာရင်း ဇယားများ ဖိုင်များ ပြည့်စုံစွာ ရေးသွင်းထားရှိမှု ရှိမရှိတို့အား ခရိုင် ဦးစီးမှူးနဲ့ အဖွဲ့ ရုံး ဝန်ထမ်းများက သတ်မှတ်ပုံစံများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်သာ မြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းအား ကျေးရွာ ၁၁ ယူနစ်၊ Cash for Work စီမံကိန်း အား ကျေးရွာ ၁၄ ရွာ၊ နထိုးကြီး မြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းအား ကျေးရွာ ၉ ယူနစ်၊ Cash for Work စီမံကိန်းအား ကျေးရွာ ၇ ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/399420994417565