လှိုင်းဘွဲမြို့နယ်၏ (CERP) အစီအရ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

Development Activities under CERP plan in Hlaingbwe Monitored by Respective Officials

Kayin, 5 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကိုဗစ် - ၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ အကောင် အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကရင်ပြည်နယ် စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ် - ၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်း၏ ရန်ပုံ​​ငွေ ၁၀၀ သိန်းစီဖြင့်​ အကောင်အထည်ဖော်​ဆောင်ရွက်​နေ​သော လှိုင်းဘွဲမြို့နယ် ​ပတ်​ကျော​ကျေးရွာအုပ်စု မဲလောင်းကြီး​ကျေးရွာတွင် ရေ​မြောင်းတူး​ဖော်ခြင်း (2' x 5850' x 2' x 2') နှင့် ​ကျောက်​ရော​မြေသားလမ်းခင်းခြင်း (2150' x 12' x 6") လုပ်ငန်း၊ ဆင်​သေကုန်း​ကျေးရွာတွင် ​ရေ​မြောင်းတူး​ဖော်ခြင်း (2' x 5000' x 2' 6" x 2') နှင့် ​ကျောက်​ရော​မြေသားလမ်းခင်းခြင်း (1800' x 12' x 6") လုပ်ငန်း၊ ကုန်းက​လေး​ကျေးရွာတွင် ​ရေ​မြောင်းတူး​ဖော်ခြင်း (2' x 5000' x 2' 6" x 2') နှင့်​ကျောက်​ရော​မြေသားခင်းခြင်း (1800' x 12' x 6") လုပ်ငန်းများအား ကွင်းဆင်းစစ်​ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ပေခဲ့ကြောင်း သိရသည်။

ထို့နောက် ​​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီဌာန ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်နည်းပညာ​အကြံ​ပေးအဖွဲ့များနှင့်​ တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကာလမှာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဂရုတစိုက်ဆောင်ရွက်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်းစီမံချက်ကို လိုက်နာ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံ နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို​​ လုပ်ငန်းကြီးကြပ်ရေး တာဝန်ခံများက ပြန်လည် ဆွေး​နွေးတင်ပြရာ လိုအပ်သည့်အကြံဉာဏ်များ​ကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း​ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/19686