လူထု ဗဟိုပြု စီမံကိန်းမှ မဘိမ်း မြို့နယ်တွင် လဝါ ကျေးရွာ ကြိုးတံတားသစ် ဖွင့်လှစ်

NCDDP’s Suspension Bridge Opening Ceremony Held in La War of Mabein

Shan, 30 November 2020, SkyNet Media Coverage

 

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်ခရိုင် မဘိမ်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လဝါ ကျေးရွာ အုပ်စု လဝါ ကျေးရွာ ကြိုးတံတား တည်ဆောက်ခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်လို့ ကြိုးတံတား ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးနဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး၊ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၂၈၀၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ၄၅ သိန်း၊ စုစုပေါင်း ကုန်ကျငွေ ၃၂၅ သိန်းနဲ့ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကြိုးတံတားဟာ ပေအရှည် ၁၄၅ ပေ ရှိပြီး၊ အကျယ် ၅ ပေ ရှိပြီးတော့ ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကြိုးတံတားကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်လို့ ကျေးရွာ လူထု အနေနဲ့ ဒေသထွက် သီးနှံတွေကို အစဉ်ပြေ လွယ်ကူစွာ သယ်ယူ ပို့ဆောင်နိုင်တော့မှာ ဖြစ်ပြီး၊ ကြိုးတံတားကို ဒေသတွင်း ပြည်သူတွေပါ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လျက် ရှိတယ်လို့ သိရပါတယ်။

 

သတင်း - ကိုကိုအောင် (မဘိမ်း)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage