သွား/လာရေး အဆင်ပြေစေရန် ပတ်ကျောရွာလေး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်း

NCDDP’s Village Concrete Street Construction Kicked Off in Pat Kyaw Ywar Lay Village of Hlaingbwe

Kayin, 15 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၁၅

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင် အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် ပတ်​ကျောကျေးရွာ အုပ်စု ​ပတ်​ကျောရွာ​လေး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၈၀၀ ပေ x အကျယ် ၁၄ ပေ x ထု ၆ လက်မ) လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း​ ထောက်ပံ့​ငွေ (၁၃၃၀၀၀၀၀) ကျပ်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး နန်းဆုလဲ့ဖြူ၊ လူထု စည်းရုံး​ရေးမှူး နန်း​သန်းသန်းတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူ လူထုတို့၏ ပူး​ပေါင်း ပါဝင်မှုများဖြင့် အ​ကောင် အထည်​ဖော်​ ဆောင်ရွက်​နေခြင်း ဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီးပါက ​ပတ်​ကျောရွာ​လေး ကျေးရွာမှ အိမ်​ထောင်စု (၁၇၂)စု၊ လူဦးရေ (၁၃၂၆) ဦး တို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး လုပ်ငန်းများ အတွက် သွား/လာ​ရေး လွယ်ကူ အဆင်​ပြေလာမည် ဖြစ်​ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/24546