လူထုဗဟိုုပြုစီမံကိန်း သတင်းပြန်ကြားဆက်သွယ်ရေး မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ

၁၉-၁-၂၀၁၈ နေပြည်တော်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုုပြုစီမံကိန်း သတင်းပြန်ကြားဆက်သွယ်ရေး မွမ်းမံသင်တန်း ဖွင့်ပွဲအား (၁၉-၁-၂၀၁၈)ရက်နေ့ နံနက် (၉းဝ၀)နာရီအချိန်တွင် ပျဉ်းမနားမြို့ မြောက်လွှတ်ကုန်းခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မှ အဖွင့့်အမှာစကား ပြောကြားကာ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ အမှာစကားပြောကြား ၍ ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်မှာ လူထုဗဟိုုပြုစီမံကိန်း သတင်းပြန်ကြားဆက်သွယ်ရေး ဝန်ထမ်းများ အရည်အသွေးပိုမိုကောင်မွန်စေရန် အတွက် ဖွင့်လှစ်ခြင်းဖြစ်သည်။ သင်တန်းကာလမှာ (၁၉-၁-၂၀၁၈) မှ (၂၀-၁-၂၀၁၈)အထိ ဖြစ်ပြီး သင်တန်းသား/သူ (၈၈)ဦးတက်ရောက်မည်ဖြစ်ပါသည်။