ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ ချိတ်ဆက်ဆောင်ရွက်ခြင်းဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

 ဘားအံမြို့ စက်တင်ဘာ ၁၁

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ပြည်နယ်အဆင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို (၁၁.၉.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

        အစည်းအဝေးကို ကရင်ပြည်နယ် လူထုဗဟိုပြုစီမံကိန်းမန်နေဂျာ  ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေး၊ ပြည်နယ်ကျေးလက်စီမံကိန်းတာဝန်ခံများ၊ မြို့နယ်အသီးသီးမှ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်ကျေးလက်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ မြို့နယ်နည်းပညာအကြံပေးများနှင့် MGRI မှ စီမံကိန်းအကြံပေးတို့ တက်ရောက်ပါသည်။