စီမံကိန်းတာဝန်ခံမှ လူထုဗဟိုပြုစီမံကိန်း(CDD)လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်​လျက်ရှိသော

လူထုဗဟိုပြုစီမံ​ကိန်း(ဒုတိယနှစ်စက်ဝန်း)၊ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်စီမံကိန်းတာဝန်ခံမှ

(၁၉.၁၁.၂၀၁၉)ရက်နေ့ (၂၀.၁၁.၂၀၁၉)ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးပြီးကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။

စီမံကိန်းတာဝန်ခံသည် (၁၉.၁၁.၂၀၁၉)ရက်နေ့တွင် ဆွောင်းပက်ကျေးရွာအုပ်စု၊ ခွမ်နွဲကျေးရွာ၊ ကျောက်ရောမြေသားလမ်း

ဆောင်ရွက်မှုအခြေအနေနှင့် စိန်ပျဲလ်ကျေးရွာအုပ်စု၊ ဟိန်းဇံကျေးရွာတွင် ဆောင်ရွက်မည့် အလယ်တန်းကျောင်း

ဆောင်တိုးချဲ့ခြင်းလုပ်ငန်းမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စံချိန်စံညွှန်းနှင့်အညီ အချိန်မှီလုပ်ငန်းပြီးစီးအောင်ဆောင်ရွက်ရေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံသည် (၂၀.၁၁.၂၀၁၉)ရက်နေ့တွင် ဟန်ဂင်ကျေးရွာအုပ်စု၊

ဟန်ဂင်ကျေးရွာ၊ ကျေးလက်ကုန်ထုတ်မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့်ဆဲဘောက်ကျေးရွာအုပ်စု၊

ဟိုင်ဟစ်ကျေးရွာ၊ KGကျောင်းဆောင်တည် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ

ကျေးရွာကော်မတီဝင်များအား ဆောင်ရွက်ပြီးလုပ်ငန်းများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက်ရေးမှာကြားခဲ့ပါသည်။