လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊

လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်)စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်

ချင်းရွှေပြည် အားကစားခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီး ဦးမန်ဟင်းဒါလ်နှင့်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်တို့က အဖွင့်အမှာ စကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကြည်စိုးက လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးက အမှာစကားပြောကြားခဲ့ သည်။ ဆက်လက်၍

တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်ဇင်မာထွန်းက ဒုတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းများ

အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တွန်းဇံမြို့နယ် စီမံခန့်ခွဲမှု အဖွဲ့ဝင်များက

ဒုတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းများ အကောင်းဆုံး ဆောင်ရွက်နိုင်သော ကျေးရွာ အုပ်စု/ကျေးရွာများကို စိစစ်ရွေးချယ်မှု ဆောင်ရွက်နေစဉ်

အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီ ကိုယ်စားလှယ်များက ခေါင်းစဉ်(၇)ခုဖြင့် အုပ်စုလိုက်

ဆွေးနွေးခဲ့ကြပြီး သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြ သည်။ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်) စက်ဝန်းအတွင်း

လုပ်ငန်းများ အကောင်းဆုံး ဆောင်ရွက်နိုင် သော ကျေးရွာအုပ်စုများနှင့် ကျေးရွာများကို တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပြီး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)

Credit: MOI Media Coverage

Website Link: Here (MOI Website)