ကျေးရွာ စီမံခန့်ခွဲမှုသင်တန်း နမ့်တာပီး ကျေးရွာတွင် ပို့ချ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ် မြို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လူထုဗဟိုပြု စီမံကိန်း

ဒုတိယနှစ် စက်ဝန်းကို အကောင်အထည် ဖော်လျက်ရှိရာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်တွေမှာ ဖာလန်ကော် အုပ်စု

နမ့်တာပီး ကျေးရွာမှာ ကျေးရွာ စီမံခန့်ခွဲမှုသင်တန်း ပို့ချခဲ့ပါတယ်။ အဆိုပါ သင်တန်းကို ဖာလန်ကော် အုပ်စုမှာ ရှိတဲ့

လုပ်ငန်းအကောင်အထည်ဖော်မယ့် ကျေးရွာ ၇ ရွာက ဟားခါး၊ လားဟူ၊ ရှမ်း လူမျိုးတွေ ဖြစ်ကြတဲ့ ကျေးရွာ စီမံခန့်ခွဲမှု

အဖွဲ့ဝင် ၅၃ ဦး တက်ရောက်ခဲ့ပါတယ်။ ဒီသင်တန်းကို လူထုဗဟိုပြု စီမံကိန်းမှ တာဝန်ခံ ၆ ဦးတို့ သင်တန်းပို့ချ ပေးခဲ့တာပါ။

သင်တန်းရဲ့ ရည်ရွယ်ချက်မှာ လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော်ရာမှာ ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့အနေနဲ့ လိုက်နာရမယ့်

စည်းကမ်း တာဝန်တွေကို သိရှိပြီး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကို နားလည်သဘောပေါက်ပြီး

လက်တွေ့ လုပ်ဆောင်တတ်လာစေဖို့ ဖြစ်ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank