သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲ ထီးလင်းမြို့နယ်တွင် ကျင်းပ

လူထုဗဟိုပြုစီမံကိန်း ဆိုင်ရာ ဗဟုသုတ ဖြန့်ဝေရေး ပြပွဲနှင့် ဉာဏ်စမ်းမေးခွန်းဖြေဆိုပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး ဂန့်ကောခရိုင် ထီးလင်းမြို့နယ် ဆို့ပြားကျေးရွာမှာ ရှိတဲ့ ကျေးရွာ ဘက်စုံသုံး မြတ်တော်ဝင်ခန်းမမှာ ကျင်းပတယ်လို့ သိရပါတယ်။

 

ရှေးဦးစွာ လူထုဗဟိုပြု စီမံကိန်းရုံးမှ သတင်းပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဦးကျော်ဇေယျက မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေတွေကို ရှင်းလင်း ဆွေးနွေးပြောကြားပါတယ်။

 

အဲဒီ လူထုဗဟိုပြု စီမံကိန်း ဆိုင်ရာ ဗဟုသုတ ဖြန့်ဝေရေး ပြပွဲမှာ စီမံကိန်း တတိယနှစ် စက်ဝန်းက စီမံကိန်း မှတ်တမ်း ဓါတ်ပုံတွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ ဆက်လက်ပြီး မြို့နယ် လူထု ဗဟိုပြု စီမံကိန်းရုံးမှ သတင်း ပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဦးကျော်ဇေယျနဲ့ ဝန်ထမ်းတွေ အဖွဲ့က တက်ရောက်လာကြတဲ့သူတွေကို အဖွဲ့တွေ ခွဲကာ စီမံကိန်းဆိုင်ရာ ဉာဏ်စမ်းမေးခွန်းတွေကို မေးမြန်းပြီး၊ ဆုရရှိသူ ၅၁ ဦးကို ဂုဏ်ပြုဆုတွေနဲ့ အမှတ်တစ်ရ လက်ဆောင်ပစ္စည်းတွေ ပေးအပ် ချီးမြှင့်တယ်လို့ သိရပါတယ်။

 

သတင်း - ရဲဝင်းနိုင် ညောင်ဦး

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank