တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း သတင်း ပြန်ကြားဆက်သွယ်ရေး ပြခန်းကို ဖွင့်လှစ် ပြသ

၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က တွန်းဇံ မြို့ရှိ ချင်းရွှေပြည် ခန်းမမှာ ဖလန်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်းက သတင်း ပြန်ကြားဆက်သွယ်ရေး ပြခန်းကို ဖွင့်လှစ် ပြသခဲ့ပါတယ်။

 

အဲဒီပြခန်းမှာ တက်ရောက်လာသူတွေကို လူထု ဗဟိုပြု စီမံကိန်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ မေးမြန်းပြီး၊ အဖြေမှန်သူထံ စီမံကိန်း တံဆိပ်ပါ ဘောပင်၊ မိုးကာ အင်ကျီ၊ ဦးထုပ်တွေကို လက်ဆောင်အဖြစ်နဲ့ ပေးအပ်ပါတယ်။

 

ပြည်သူလူထုတွေ စီမံကိန်း အကြောင်း ပိုပြီး သိရှိစေဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တဲ့ သတင်းပြန်ကြား ဆက်သွယ်ရေး ပြခန်းကို တွန်းဇံ မြို့ပေါ်နဲ့ ကျေးရွာ အုပ်စုတွေက ပြည်သူလူထုတွေ လာရောက် ကြည့်ရှု့ ကြတယ်လို့ သိရှိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank