လူထုဗဟိုပြု စီမံကိန်း လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး သင်တန်း ထီးလင်းမြို့နယ်တွင် ပို့ချ

မကွေးတိုင်းဒေသကြီး ဂန့်ကောခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက စတုတ္ထနှစ် စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာအသီးသီးမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လူမှုရေးပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေ စနစ်တစ်ကျ ရေရှည်တည်တံ့အောင် လည်ပတ်ပြုပြင် ထိန်းသိမ်းနိုင်စေဖို့အတွက် လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများကို လည်ပတ်ပြုပြင်ထိန်းသိမ်းရေး မွမ်းမံသင်တန်းကို မတ်လ ၃ ရက်နေ့က မနက်ပိုင်းက ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

 

သင်တန်းမှာ လည်ပတ်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းအကြောင်း၊ ဘာကြောင့် လည်ပတ်ထိန်းသိမ်းဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်း၊ တာဝန်နဲ့ ဝတ္တရားတွေ အကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု အကြောင်း၊ လည်ပတ် ထိန်းသိမ်းရေး ရှု့ထောင့်တွေ အကြောင်း၊ လည်ပတ်ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းပုံအကြောင်း၊ လည်ပတ် ထိန်းသိမ်းရေး ပြုလုပ်ခြင်း အလေ့အကျင့်ကောင်းတွေ အကြောင်း စတဲ့ ခေါင်းစဉ်တွေကို စာတွေ့ လက်တွေ့နဲ့ အုပ်စုဖွဲ့ ဆွေးနွေးတင်ပြမှုတွေနဲ့ မကွေးတိုင်းဒေသကြီး၊ တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Regional Infrastructure & Safeguard Assistant တွေ ဖြစ်တဲ့ ဆရာ ဦးကျော်သာဖြိုး၊ ဆရာမ ဒေါ်ပန်းအိမိုးမိုးနဲ့ ဆရာမ ဒေါ်မြင့်မြတ်ဟန်တို့က သုံးရက်ကြာ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး၊ သင်တန်းမှာ လူထု စည်းရုံးရေးမှူး ၂၅ ဦး၊ လက်ထောက် နည်းပညာမှူး ၁၅ ဦး၊ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank