နေပြည်တော်မှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့ ဆောမြို့နယ်အတွင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်ဟာ မတ်လ ၅ ရက်နေ့မှာ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ၊ လူထုဗဟိုပြု စီမံကိန်းမှ စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲလိုတွေ့ဆုံဆွေးနွေးရာမှာ ဝန်ထမ်းတွေ အနေနဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်မှာ စီမံကိန်းမှာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမယ့် အကြောင်းအရာတွေကို မှာကြားပြီး၊ ဝန်ထမ်းအားလုံးကို အားပေးစကား ပြောကြားကာ ဝန်ထမ်းတွေက စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ပါတယ်။

အဲနောက်မှာ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လေးခန်းတွဲ တစ်ထပ် အိမ်ရာ ဆောက်လုပ်နေမှုကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး၊ လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank