မိုးကောင်းမြို့နယ်တွင် Covid-19 အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အသိပေး လမ်းညွှန်ချက်များ ဖြန့်ဝေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ရုံးမှ Covid-19 အဆုပ်ရောင် ရောဂါ နဲ့ ပတ်သတ်ပြီး၊ ရုံးမှာ ဝန်ထမ်းများကို အသိပညာ ပေးခြင်း၊ Covid-19 ကူးစက်မှု မှ ကာကွယ်နိုင်ရန် ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာ ကျင့်သုံး ရမည်များကို မိမိ ဝန်ထမ်းများမှ သိရှိပြီး၊ လူထုဗဟိုပြု စီမံကိန်း ကျေးရွာ ကော်မတီဝင်များကို ရှင်းလင်း ပြောကြားနိုင်ရန် ရည်ရွယ်ပြီး၊ မတ်လ ၂၅ ရက်နေ့က လူထုဗဟိုပြု စီမံကိန်း မှ တာဝန်ရှိသူ Sector အသီးသီးမှ တာဝန်ခံများနဲ့ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

ဆက်လက်ပြီး CSAG တာဝန်ခံ ဒေါ်ဌေးဌေးမြင့်နဲ့ ဒေါ်ဇင်မာဝင်းအောင်တို့က တာဝန်ကျ စည်းရုံးရေးမှူးများနှင့် အတူ ပင်းချောင်းကျေးရွာနဲ့ ရေတွင်းကုန်းကျေးရွာ ကော်မတီဝင်များကို ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Covid-19 နဲ့ ပတ်သတ်တဲ့ ဆောင်ရန် ရှောင်ရန် လက်ကမ်းစာစောင်များကို ရှင်းလင်း ပြောကြားခြင်း၊ လက်ကမ်းစာစောင်ပါ လိုက်နာပြုလုပ်ရမယ့် အချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များ ပါရှိတဲ့ လက်ကမ်းစာစောင် များကို ကျေးရွာလူထုမှ မြင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျေးရွာ လူထု ဗဟိုပြု စီမံကိန်း ကြော်ငြာဘုတ်မှာ ကပ်ပေးခြင်း၊ လက်ကို သေချာစွာ ဆေးကြောနည်း ၇ နည်းအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank