မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး မှာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး ပိုးသတ်ဆေးဖြန်း

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး မှာ ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ဧပြီလ ၃ ရက်နေ့က မြို့နယ် ဦးစီးမှူးရုံး ခန်း အစည်းအဝေးခန်းမ၊ ရုံးခန်းမ၊ ကွန်ပျူတာခန်း ၊ လူထုဗဟိုပြု စီမံကိန်း ရုံးခန်း၊ ဝင်ပေါက် ထွက်ပေါက် နေရာများ၊ ပြတင်း တံခါး ဘောင်တန်းများ၊ သန့်စင်ခန်းများကို မိုးကောင်းမြို့နယ် မီးသတ် ဦးစီးဌာန မီးတပ် တပ်ဖွဲ့ဝင်များ ရဲ့ အကူအညီနဲ့ ပိုးသတ်ဆေးဖြန်း ခြင်း ကို ဆောင်ရွက်ခဲ့ပါတယ်။

မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ အမြဲတမ်း ဝန်ထမ်း ၁၂ ဦး၊ တွဲဖက် ဝန်ထမ်း ၂ ဦး၊ လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ ၅ ဦး၊ စည်းရုံးရေးမှူး ၃၂ ဦး၊ ယဉ်မောင်း၊ သန့်ရှင်းရေး၊ ညစောင့် အပါအဝင် ဝန်ထမ်း စုစုပေါင်း ၅၄ ဦး ရှိပြီးတော့ ဝန်ထမ်းများ နေ့စဉ် ရုံးလုပ်ငန်းများကို ၅၀ ရာခိုင်နှုန်း အချိုးဖြင့် အလှည့်ကျ ဆောင်ရွက်လျက် ရှိပါကြောင်းနဲ့ ကျေးလက် ဦးစီးဌာနက ကျေးလက် နေ ပြည်သူများနဲ့ အများ ဆုံး ထိတွေ့ ရပြီး၊ ကျေးရွာများမှ ရုံးကို နေ့စဉ်ဝင်ထွက် သွားလာ မှုများ ရှိတာကြောင့် ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ပြီး ယခု ကဲ့သို့ ပိုးသတ် ဆေး ဖြန်းခြင်းကို ဆောင်ရွက် ခဲ့ ခြင်း ဖြစ်ပါကြောင်း မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်း ထံမှ သိရပါတယ်။

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank