ပျော်ဘွယ်မြို့နယ် မြို့နယ် ဦးစီးမှူး၊ ဦးစီးအရာရှိ ဝန်ထမ်းများ လုပ်ငန်း ညှိနှိုင်း စည်းဝေး

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Covid-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အချိန်မှီ ပြီးစီးရေးအတွက် မေလ ၅ ရက်နေ့ မနက် ၉ နာရီက ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ မြို့နယ် ဦးစီးမှူး၊ ဦးစီးအရာရှိ ဝန်ထမ်းတွေနဲ့ Video Conferencing နဲ့ အသုံးပြုပြီး၊ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ပြုလုပ်တယ် လို့ သိရပါတယ်။

ရှေးဦးစွာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဟန်မြင့်ထွန်းက Covid-19 ရောဂါနဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားတဲ့ ဒေသန္တရ အမိန့်တွေနဲ့ ဦးစီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို တိကျစွာနဲ့ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းနဲ့ ဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဒေသ ဖွံ့ဖြိုး‌ရေးလုပ်ငန်းတွေနဲ့ စီမံကိန်း လုပ်ငန်းတွေကို စံချိန်စံညွှန်း ပြည့်မီစွာနဲ့ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်းကို ဆွေးနွေးပြောကြားပါတယ်။

အဲဒီနောက်မှာတော့ ပျော်ဘွယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံက Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေ လူထု ဗဟိုပြု စီမံကိန်း နဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေတွေကို ရှင်းလင်း တင်ပြတယ်လို့ သိရပါတယ်။

အဲဒီ Video Conferencing စနစ် လုပ်ငန်း အစည်းအဝေးကို ရမည်းသင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဟန်မြင့်ထွန်းနဲ့ ပျော်ဘွယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံနဲ့ ဦးစီးအရာရှိတွေ စုစုပေါင်း ၁၂ ဦးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,