မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် ကမ္ဘာ့ဘဏ်နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ကတူးကြီး အုပ်စုအတွင်းရှိတဲ့ ကျေးရွာများ လုပ်ငန်းဆောင်ရွက်နေမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဦးဝင်းမြတ်သူနဲ့ သတင်း ပြန်ကြား ဆက်သွယ်ရေး တာဝန်ခံ ဒေါ်အိအိမွန်တို့က ၂၀၂၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကနေ ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့ အထိ စတင်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်းရာမှာ ကျေးရွာမှာ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် ကော်မတီ ဝင်များနဲ့ ကျေးရွာလူထုတို့ တွေ့ဆုံ ခဲ့ပြီး၊ စီမံကိန်း စက်ဝန်း အပိုင်းအတိုင်း လုပ်ငန်းဆောင်ရွက်ရာမှာ ဆောင်ရွက်ရတဲ့ အခက် အခဲနဲ့ လုပ်ငန်းခွဲကို မည်သို့ ရွေးချယ်ထားသည်ကို မေးမြန်း ဆွေးနွေးခဲ့ပါတယ်။

 

အဲဒီနောက် ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများကို နည်းပညာအရ စီမံကိန်း လုပ်ထုံးလုပ်နည်းများဖြင့် ဂရုတစ်စိုက် ဆောင်ရွက်သွားကြရန် မှာကြားပါတယ်။

 

အဆိုပါ ကတူးကြီး ကျေးရွာအုပ်စုက ကျေးရွာပေါင်း ၂၃ ရွာနဲ့ ဖွဲ့စည်းထား ပြီး၊ စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ ထောက်ပံ့ရန်ပုံငွေ သိန်း ၇၅၀ နဲ့ လုပ်ငန်းခွဲပေါင်း ၁၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

 

ကျေးရွာအတွက် ဆောင်ရွက်လျက် ရှိတဲ့ လုပ်ငန်းများမှာ မီးလင်းရေး ဆိုလာနဲ့ ရေအားလျှပ်စစ်၊ ကျေးရွာ လူထု ခန်းမဆောင်၊ ရေရရှိရေး၊ ကွန်ကရစ် လမ်းလုပ်ငန်းနဲ့ ရေတားတမံ လုပ်ငန်းများ ဖြစ်ပြီး၊ မေလ အကုန်မှာ လုပ်ငန်းခွဲများ ပြီးစီးအောင် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,