ကွမ်းခြံကုန်း မြို့နယ် ကွန်ကရစ် လမ်းခင်းခြင်း အတွက် လူထု စစ်တမ်းကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် လက်ခုပ်ကုန်း ကျေးရွာမှာ ဇွန်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီက ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးပြီး၊ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ပံ့ပိုးငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းအတွက် လူထု စစ်ဆေးပွဲကို လမ်းညွှန်ချက်နဲ့အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းများရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုများကို ပွင့်လင်း မြင်သာမှု ရှိစေရန် တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေရန်၊ လေ့လာမှုနှင့် အကြံပေးမှုများ တိုးတက်ဖြစ်ပေါ် လာစေရန် ပိုင်ဆိုင်မှုအပေါ် သိရှိနားလည်စေရန်နှင့် အောင်မြင်မှုရလာဒ် အပေါ် အောင်ပွဲခံနိုင်ရန် စတဲ့ ရည်ရွယ်ချက် များနဲ့ လူထု စစ်ဆေးပွဲကို ကျင်းပ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

အခုအခါ ကိုဗစ် ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် လူစု လူဝေးနဲ့ ဆောင်ရွက်ခြင်း မပြုပဲ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ခြင်း၊ လော်စပီကာ ဖြင့် ကြော်ငြာခြင်း၊ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှုကို မဲပေးနိုင်ရန် အိမ်တိုင်ရာရောက် ပုံစံ စ (၇) စာရွက်များ ဖြန့်ဝေးခြင်း၊ စာရွက်များ ပြန်သိမ်းယူ ခြင်းကို တာဝန်ကျ စီမံကိန်း ဝန်ထမ်းများနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဦးဆောင်ပြီး ကျေးရွာ အတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြပါတယ်။

လက်ခုပ်ကုန်း ကျေးရွာမှာ လမ်း အရှည် ၁၈၆၈ ပေ၊ လမ်းအကျယ် ၁၂ ပေနဲ့ ထု ၈ လက်မ ရှိ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းကို လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ပံ့ပိုးငွေကျပ် ၄၂ ဒဿမ ၆၃ သန်း၊ အကုန်ကျခံကာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကာ မတ်လ ၁၅ ရက် နေ့မှာ အပြီး ဆောင်ရွက် ကြောင်း အဆိုပါကျေးရွာမှာ အိမ်ခြေ ၇၀၀ ရှိပြီးတော့ ကျင်းပ ဆောင်ရွက်တဲ့ လူထု စစ်ဆေးပွဲမှာ ပုံစံ စ (၇) ဖြန့်ဝေပြီး စိတ်ကျေနပ်မှု မဲပေးရာ လူဦးရေးပေါင်း ၆၉၆ ဦးက အလွန် ကျေနပ်မဲ ၅၈၉ မဲနဲ့ ကျေနပ်မဲ ၁၀၂ မဲ ၊ မကျေနပ်မဲ ၅ မဲ ဖြင့် လူထု စစ်ဆေးပွဲ ရလာဒ်များကို ကျေးရွာလူထု သိရှိစေရန် ကြော်ငြာ သင်ပုန်းမှာ ကြေညာ ပေးခဲ့ကြောင်း သိရပါတယ် ။

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank