မိုးကောင်းမြို့နယ်၌ Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းဆောင်ရွက်

မိုးကောင်း ဇူလိုင် ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရေး Cash For Work စီမံကိန်းမိတ်ဆက်ပွဲကို မီးသွေးကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ လည်းကောင်း၊ အောင်သာကျေးရွာ ဘက်စုံသုံးခန်းမတို့၌လည်းကောင်း ယမန်နေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်လင်းအောင်က နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (ECRP)အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမူနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက်ရည်ရွယ်ဆောင်ရွက်ကြောင်း ပြောကြားသည်။

Cash for workသည် စီမံကိန်းဆောင်ရွက်ရန်အတွက်ကျေးရွာတစ်ရွာလျှင်ငွေကျပ် သိန်း(၁၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါသိန်း(၁၀၀)တွင် ပစ္စည်းဝယ်ယူမှုအတွက် (၄၀%)နှင့် လုပ်အားခအတွက်(၆၀%)ရာခိုင်နှုန်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်းမှုကို ကုစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် စီမံကိန်း ဖြစ်သည်။

Cash For Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီများရွေးချယ်ခြင်း ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးလင်းတို့ကြီးကြပ်မှုဖြင့် စည်းရုံးရေးမှူးဝန်ထမ်းများမှ Cash for Work စီမံကိန်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူး၊‌ ကျေးရွာလူထုအတွက် စီမံကိန်းစက်ဝန်း၊ ငွေကြေး စီမံခန့်ခွဲမှု၊ စီမံကိန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်မှု၊‌ ဝယ်ယူရေးဆောင်ရွက်မှု၊ စောင့်ကြည့် ကြီးကြပ်ခြင်း၊ ဝေဖန်အကြံပြုခြင်းနှင့် စီမံကိန်းလုပ်ငန်းရွေးချယ်ခြင်း များကိုရှင်းလင်းခဲ့ပြီး ကျေးရွာ ကော်မတီအား မဲပေး ရွေးချယ်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများကိုရွေးချယ်ခဲ့ကြသည်။

မိုးကောင်းမြို့နယ် ကျေးလက်ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းကို အောင်သာမီးသွေးကုန်း၊ ဖွေးဟော်၊ လွဲလော၊ အောင်ချမ်းသာ ကျေးရွာ (၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)

#CERP

#CFW

#DRD

#MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/10/07/2020/id-23422