မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာတွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်း

မယ်စဲ့ ဇူလိုင် ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ ရွေးချယ်ခြင်းကို ယမန်​နေ့က ဟိုစဲ့ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဦးက Cash For Work စီမံကိန်းလုပ်ငန်းစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင် က ၎င်းစီမံကိန်းအား အနှစ်ချုပ်ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဟိုစဲ့ကျေးရွာ၌ Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ကျေးရွာကော်မတီဝင် ခုနှစ်ဦးကို ရွေးချယ်ပြီး စီမံကိန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ဦးစားပေးအလိုက် ရွေးချယ်ကြသည်။

ဝတ်ရည်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/15/07/2020/id-23944