ဒုတိယ ညွှန်ကြားရေးမှူးချုပ် နဲ့အဖွဲ့ မြစ်ကြီးနားမြို့နယ်တွင်း Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးနိုင်အောင်နှင့် ညွှန်ကြားရေးမှူး ဦးရဲခေါင်တို့ဟာ ကချင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်၊ မြစ်ကြီးနား ခရိုင် ဦးစီးမှူး ဦးသန်းထွန်းဝင်း၊ မိုးညှင်း ခရိုင် ဦးစီးမှူး ဦးသောင်းထိုက်တို့နဲ့အတူ ဇူလိုင်လ ၃၀ ရက်နေ့က Cash for Work စီမံကိန်း ဆောင်ရွက်နေတဲ့ မြစ်ကြီးနား မြို့နယ် အောင်မြေ ကျေးရွာမှာ ရေနုတ်မြောင်း တူးဖော်တာနဲ့ သဲကျောက်လမ်း ခင်းခြင်း ဆောင်ရွက်နေမှု၊ လန်ဘန်ရိုစနာ ကျေးရွာမှာ အားကစားကွင်း အဆင့်မြင့်တင် တည်ဆောက်ခြင်းနဲ့ ခြံစည်းရိုး ကာရံခြင်း ဆောင်ရွက်နေမှုတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးရာမှာ မြို့နယ် ဦးစီးမှူး ဦးနေသူရိန် စိန်လှနဲ့ ဝန်ထမ်းတွေ က လုပ်ငန်း ဆောင်ရွက်နေမှုတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဒုတိယ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဟာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရင်းခေါ ကျေးရွာကို ရောက်ရှိပြီး၊ စီမံကိန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ စီမံကိန်း နဲ့ ပတ်သတ်တာတွေကို ရှင်းလင်း မှာကြားခဲ့ပါတယ်။

နိုင်ငံတော် အစိုးရရဲ့ Covid-19 Economic Relief Plan (CERP) အရ မြစ်ကြီးနား မြို့နယ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၈ ရွာနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၅ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - ဧဧလေး

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage