ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ လှည်းကူး မြို့နယ်အတွင်း ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းတွေကို ကြည့်ရှု စစ်ဆေး

Yangon, 2 August 2020, SkyNet Media Coverage

ရန်ကုန် မြောက်ပိုင်း ခရိုင် လှည်းကူး မြို့နယ်အတွင်း ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဇူလိုင်လ ၃၁ ရက်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နဲ့တာဝန်ရှိသူတွေ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော်ဟာ အရင်ဆုံး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ မြို့နယ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြို့နယ် အတွင်း စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သတ်လို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

အဲဒီနောက် ညွှန်ကြားရေးမှူး ချုပ်နဲ့ တာဝန်ရှိသူတွေဟာ ဝါးရုံစွန်း ကျေးရွာနဲ့ သနပ်ပင် ကျေးရွာတွေမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေ ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီးတော့ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီးတော့ အားပေးစကား ပြောကြားခဲ့ပါတယ်။

သတင်း - နိုင်လင်း (လှည်းကူး)

#CERP, #CFW, #DRD, #MOALI