ပန်းတနော်မြို့နယ် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်း စစ်ဆေး

ပန်းတနော် ဩဂုတ် ၁၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘာဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည် ကုစားနိုင်စေရန် ရည်ရွယ်၍ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

အဆိုပါ ကွင်းဆင်းကြည့်ရှုမှုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန့်ဇော်လွင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမနားကီး မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်နှင့် ဝန်ထမ်းများသည် ဒေါဝါးကျေးရွာအုပ်စု၊ တောဆယ်ကျေးရွာတွင် အရှည် ၁၇၀၀ပေ၊ အကျယ် ၆ ပေ၊ ထုထည် ၆ လက်မရှိသည့် ကျေးရွာတွင်း​ ကွန်ကရစ်လမ်းခင်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ တို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး လုပ်ငန်းစံချိန် စံညွှန်းများ နှင့်အညီ ပြည့်မီအောင် ဆောင်ရွက်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြသည်။

 

Cash For Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်းမှုနှင့် စီးပွားရေး အခက်အခဲများကို ကုးစားပေးနိုင်ရေးအတွက် ကျေးရွာတွင်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူလူထုကိုယ်တိုင် ရွေးချယ်လုပ်ဆောင်ကာ ချက်ချင်းလုပ်အားခပေးချေမှု စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပန်းတနော်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3327