မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော လုပ်ငန်း များကို ကွင်းဆင်း စစ်ဆေး

နတ်မောက် သြဂုတ် ၁၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှုအစီအစဉ် Cash For Work စီမံကိန်း လုပ်ငန်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွားများသို့ ယမန်နေ့ နံနက် (၁၀)နာရီက မကွေးခရိုင် ကျေးလက်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မြို့နယ် ဦးစီးမှူးဦးဝင်းသူရ နှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်

 

ထိုသို့စစ်ဆေးရာတွင် ပထမဦးစွာ ပိတောက်ငုတ်(ရွာကြီး) ကျေးရွာတွင် အလျား (၁၃၀၀) ပေ၊ အကျယ် (၁၂) ပေ၊ထု (၉)လက်မ မြေသားလမ်းခင်းခြင်း လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးရာ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ကျောင်းကုန်း၊ ဝါးရုံကုန်း၊ ချောင်းနက် ၊မကျိုးချို မြေသားရေကန် တိုးချဲ့ ပြုပြင်ခြင်း လုပ်ငန်း များ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးနှင့် အချိန်မီပြီးစီး အောင်မြင်ရေး အတွက် ကျေးရွာ တာဝန်ကျ ဝန်ထမ်း များက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3672