စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ထီးချိုင့် ဩဂုတ် ၁၇

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (Covid-19 Economic Relief Plan ) ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်း လုပ်ငန်း ခွဲများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဇီးသောင်(ရှေ့)ကျေးရွာသို့ ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အောင်လွင်ဦးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ထီးချိုင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများလိုက်ပါပြီး ဇီးသောင်ကျေးရွာအုပ်စု၊ ဇီးသောင်(ရှေ့)ကျေးရွာ Cash for Work စီမံကိန်းဖြင့် ကျေးရွာအတွင်း (၂'×၇၀၀') (၃'×၇") ကွန်ကရစ်ဘီးလမ်း ဆောင်ရွက် နေမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီပြည့်မီအောင် ဆောင်ရွက်ရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြ‌‌ကြောင်း သိရှိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)

https://www.moi.gov.mm/iprd/news/4738