Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဒီးမော့ဆို ဩဂုတ် ၁၉

 

ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For work စီမံကိန်းကို ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆို မြို့နယ်တွင် ကျေးရွာပေါင်း (၃၆)ရွာမှ စီမံကိန်းလုပ်ငန်းပေါင်း (၃၆) ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းလုပ်ငန်း ၃၆ ခုအနက် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း ၁၁ ခု၊ လမ်းဘေး ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း ၄ ခု၊ ခန်းမဆောင်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း တစ်ခုနှင့် ကျောင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း တစ်ခု စုစုပေါင်း စီမံကိန်း လုပ်ငန်း ၁၇ ခု အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ကယား ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးထွန်းချစ် ၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နော်ချောစု၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နန်းကျော့ကျော့ရီရီအေး နှင့် ဦးစီးအရာရှိ ဦးမျိုးနိုင် တို့က စစ်ဆေးကြည့်ရှုပြီး ပြည်နယ်ဝန်ကြီး က လုပ်ငန်းဆောင်ရွက်မှု အပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5243