Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ ဩဂုတ် ၂၀

ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက် ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For work စီမံကိန်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးရွာပေါင်း (၇) ရွာ၌ စီမံကိန်းလုပ် ငန်းပေါင်း (၁၃) ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေး/လက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်း (၁၃) ခုတွင် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း နှစ်ခု၊ လမ်းဘေး ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း နှစ်ခု၊ လမ်းပုခုံးကပ်ခြင်းလုပ်ငန်း တစ်ခု၊ မြေသားလမ်း ခင်းခြင်းလုပ်ငန်း နှစ်ခု၊ ချောင်းကျောက်ခင်းခြင်းလုပ်ငန်း လေးခု၊ အားကစားကွင်းမြေသား ပြုပြင်ခြင်းလုပ်ငန်း တစ်ခုနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း တစ်ခု၊ စုစုပေါင်း စီမံကိန်းလုပ်ငန်း ၁၃ ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်း လုပ်ငန်းအားလုံး (၆၀) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်၍ ယင်းစီမံကုန်းလုပ်ငန်းများအနက် ရှားဖြူကျင်းကျေးရွာအုပ်စု၊ ရှားဖြူကျင်း ကျေးရွာအဝင်လမ်း ကွန်ကရစ်ဘီး လမ်းခင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းနှင့် စာရေးကွင်းကျေးရွာတွင်းလမ်း ချောင်းကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သင်းသင်းလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက စစ်ဆေးကြည့်ရှုပြီး ခရိုင်ကျေး/လက် ဦးစီးအရာရှိ(နည်းပညာ)က လုပ်ငန်းဆောင်ရွက်မှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)

https://www.moi.gov.mm/iprd/news/5623?fbclid=IwAR2AGoG-WIqcT1aOSxsS7pHnU8i7DjJY0VfLiurc95SqMGqCR4b96oz71bE