အင်းတော်မြို့နယ်၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေး

အင်းတော် ဩဂုတ် ၂၁

 

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်း ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းဝင် ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေမှု များအား ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ကသာခရိုင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းနိုင်နှင့် ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

 

အင်းတော်မြို့နယ် အနေဖြင့် Cash For Work စီမံကိန်းဝင် ကျေးရွာ ( ၆ ) ရွာ ရှိသည့် အနက် နန်းကင် ကျေးရွာတွင် ရွာတွင်းလမ်း သဲကျောက်ခင်းခြင်း ( ၃၆၂၀ ပေ - ၁၂ ပေ - ၆ လက်မ ) လုပ်ငန်း၊ မအူကုန်း ကျေးရွာတွင် ရွာတွင်းလမ်းသဲကျောက်ခင်းခြင်း ( ၃၆၂၀ ပေ - ၁၂ ပေ - ၆ လက်မ ) လုပ်ငန်း၊ နဘားကျေးရွာတွင် ရေနှုတ်မြောင်း ပြုပြင်ခြင်း ( ၁၃၀၀ ပေ ) နှင့် သောက်ရေ ကန်ခြံစည်းရိုးကာခြင်းလုပ်ငန်း၊ ပါအော့ကျေးရွာတွင် မူလတန်းကျောင်းဝင်း မြေဖို့ မြေညှိခြင်း ( ၅၀၀ ပေ - ၂၅၀ ပေ ) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်း ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းပါးသည့် ကျေး လက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ကျေးရွာ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ကျေးလက်နေ ပြည်သူ များအနေဖြင့် ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်၍ မိသားစုဝင်ငွေများ ရရှိလာနိုင်ခြင်း စသည့် အကျိုး ရလာဒ်များကို ခံစား ရရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျေးရွာများ အနေဖြင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်း များနှင့်အညီ၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပြခဲ့သည်။

 

ခန့်ဇော်ပိုင်(မြို့နယ် ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5709