COVID-19 ကာလအတွင်းတွင် နိုင်ငံတော်အစိုးရအနေနှင့် Cash for Work စီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

COVID-19 ကာလအတွင်းတွင် နိုင်ငံတော်အစိုးရအနေနဲ့ Cash for Work စီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တွေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်း ကျေးရွာ အုပ်စု အနောက်ကပိုင် ကျေးရွာမှာ အရှည်ပေ ၈၃၀၊ အကျယ် ၁၅ ပေနဲ့ အရှည်ပေ ၇၉၇၊ အကျယ် ၁၂ ပေရှိ ကျေးရွာတွင်း လမ်းများကို မြေနီလမ်းခင်းခြင်း၊ ဆောင်ရွက်ရာမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ Cash for Work စီမံကိန်းအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် ဘိုးထောင်ကျေးရွာနဲ့ မံကပ်ကျေးရွာမှာ ကျေးရွာတွင်း ချောင်းသဲကျောက်လမ်းခင်းခြင်း၊ ရေကန်တူးခြင်း၊ ခြံစည်းရိုးကာရန်ခြင်းများကို လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူ မြို့နယ် အတွင်းရှိ ကျေးရွာ တစ်ချို့မှာလည်း ကွန်ကရစ်ဘောင် သဲကျောက်လမ်း ဆောင်ရွက်ခြင်း၊ ရေသန့်စက်၊ ရေစက်ရုံ ဆောက်လုပ်ခြင်းနဲ့ ခြံစည်းရိုး ကာရန်ခြင်းများ ဆောင်ရွက်ခြင်းကို လည်းကောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ကျေးရွာ အချို့မှာ လမ်းမြေဖို့ခြင်း၊ လမ်းတာချဲ့ခြင်း၊ ရေမြောင်းများတူးခြင်း၊ စိုက်ပျိုးရေး လုပ်ကွက်များ တိုးချဲ့ ခြင်းလုပ်ငန်းများကို လည်းကောင်း၊ မိုးကုတ်မြို့နယ် အတွင်းရှိ ရေနီမြောက် ကျေးရွာမှာ ရေနုတ်မြောင်း တူးခြင်း၊ ကျောက်စရစ်လမ်း ခင်းခြင်းများကို လည်းကောင်း၊ ဆောင်ရွက်ခဲ့ကြပါတယ်။

သတင်း - တိုင်းဒေသကြီး/ ပြည်နယ် (ပြန်/ဆက်)၊ NRC Bureau

https://www.mrtv.gov.mm/mm/news-86033