မိုင်းပန်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ရေသွင်း၊ ရေထုတ်မြောင်း တိုးချဲ့တူးဖော်ခြင်း လုပ်ငန်း မြေပြင်ကွင်းဆင်းစစ်ဆေး

မိုင်းပန်     သြဂုတ်       ၃၀

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ တောင်ကိုင်း(တောင်) ကျေးရွာ၌ CERP အစီအစဉ်အရ Cash for Work စီမံကိန်းဖြင့် လယ်ရေသွင်း၊ရေထုတ်မြောင်း တိုးချဲ့တူးဖော ်ခြင်း လုပ်ငန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းနှင့်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းတို့မှ ယနေ့ နံနက်(၁၀)နာရီ အချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေ ရန်နှင့် ကျေးရွာ အခြေခံ အဆောက်အုံများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်ကိုင်း(တောင်) ကျေးရွာတွင်ခွင့်ပြု ငွေကျပ်သိန်း(၁၀၀)ဖြင့် အလျား(၁၆၀၀)ပေ၊ အနံ(၂.၅)ပေ၊ အနက်(၃.၅)ပေ (၂)ဘက်လက်ရေသွင် မြောင်း တိုးချဲ့ခြင်း၊ အလျား(၄၀၀၀)ပေ၊ အနံ(၃)ပေ၊အနက်(၃)ပေ လက်ရေ သွင်းမြောင်းတူးဖော်ခြင်းနင့် ရေပြွန်အချင်း(၁)ပေခွဲ(၂၁)လုံး ဆောင်ရွက်နေမှု အခြေ အနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်း၏(၉၈)ရာခိုင်နှုန်းကိုလုပ်အားခ အဖြစ် သုံးစွဲပြီး (၂)ရာခိုင်နှုန်းကို လုပ်ငန်းပစ္စည်းဖိုး သုံးစွဲ ရမည်ဖြစ်ပြီး တစ်နေ့လုပ်အားခကို ငွေကျပ်(၅၀၀၀) ရရှိပါသည်။ လုပ်ငန်းပြီးစီးသွားပါက လယ်မြေဧက(၁၃၀) ရာသီမရွေးစိုက်ပျိုးနိုင်မည်ဖြစ်ပြီး စပါးသီးနှံအပြင် အခြားသီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ ပဲပုတ်နှင့် မြေပဲများ စိုက်ပျိုးနိုင်တော့မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

မိုင်းပန်(ပြန်/ဆက်)