ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ Cash for Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပုလော၊ စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Covid-19 Economic Relief Plan အစီအစဉ်ဖြင့် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် ဆောင်ရွက်သော Cash for Work စီမံကိန်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး လျက်ရှိရာ ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုနှင့် အင်ဂျင်နီယာ ၀န်ထမ်းများက စက်တင်ဘာလ (၂) ရက်နေ့ နံနက် (၈) နာရီက ကြဲကျေးရွာ အုပ်စု၊ ကပတောင်ကြီး ကျေးရွာ၌ BOX Culvert၊ ဘောလုံးကွင်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပုလောမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် နတ်အိမ်တောင်၊ မီးလောင်အော်၊ ကြပ်ချောင်း၊ မြို့ဟောင်း၊ လယ်ထဲ၊ ဆယ်အိမ်စု၊ ရေရှမ်း၊ သပြုပြင်၊ ကထောင်းနီး၊ ကပတောင်ကြီး၊ ဥယျာဉ်ကမ်း စသည့်ကျေးရွာပေါင်း (၁၁) ရွာတွင် ဂဝံမြေသားလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ (၂)” PVC ရေပိုက်သွယ်တန်းခြင်း၊ BOX Culvert တည်ဆောက်ခြင်း၊ စာသင်ကျောင်းပြုပြင်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် အားကစားကွင်း ပြုပြင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ သတ်မှတ်ကာလပြီးစီးရေး ၊ လုပ်ငန်းစံချိန်စံညွှန်းပြည့်မှီစေရေး၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်မှုရှိစေရေး စီမံကိန်းတာ၀န်ခံ၀န်ထမ်းများမှ ကျေးရွာ ကော်မတီ ၀င်များအား အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/8493