ချောင်းဆုံမြို့နယ်အတွင်းကျေးရွာ (၁၃) ရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ချောင်းဆုံ စက်တင်ဘာ ၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှုအနေဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးမှု ကော်မတီတို့ ပူးပေါင်းပြီး Cash for Work ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လ တတိယအပတ်မှ စတင်ကာကျေးရွာ (၁၃)ရွာ တွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာအတွင်း ရေမြောင်းတူးဖော်ခြင်း၊ ကျေးရွာ အတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ ချောင်းကော၊ မြောင်းကော ပြန်လည်တူးဖော်ခြင်း၊ လမ်း ဘေး ဝဲယာအုတ်စီ ရေမြောင်း ပြုလုပ်ခြင်း၊ မြေသားလမ်း ပြုပြင် ဖောက်လုပ်ခြင်း၊ အမှိုက် စွန့်ပစ်ရန် အမှိုက်ကန်တူးဖော်ခြင်း၊ ရေရရှိ ရေးရေပိုက် သွယ်တန်းခြင်း စသည့် လုပ်ငန်းများကို (ဒရယ်၊ ကရင်ဝင်းစိန်၊ မရမ်း၊ ကမာမို၊ ဘိုးနက်၊ ကွင်းကလိန်၊ ခရိုက်ဒူး၊ ကွမ်လှာ၊ တကူပတီ၊ တော်ပွန်၊ ဖံဖ၊ ကွမ်ရိုက်၊ အပြိုင်)စသည့် ကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ် ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် လုပ်ငန်းတန်ဖိုး ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် လုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ကျေးရွာ(၁၃)ရွာ၌ ယနေ့အထိ (၁၀၀) ရာခိုင်နှုန်း လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း နှင့် ကျေးရွာ ပြည်သူများ၏ လူမှုစီးပွားဘဝပိုမို တိုးတက် ကောင်းမွန်လျက် ရှိကြောင်း မြို့နယ် ကျေး/လက် ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော် ထံမှ သိရသည်။

ထူးအိမ်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/8905