ဆင်ပေါင်ဝဲ မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြောက်မီးကုန်း ကျေးရွာ၊ ဇောင်းတန်းလေး ကျေးရွာနဲ့ ထောက်မ ကျေးရွာ တို့မှာ Cash for Work စီမံကိန်း နဲ့ ဆောင်ရွက်တဲ့ ကွန်ကရစ် လမ်းခင်းခြင်းနဲ့ မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှုနဲ့ စာရင်းဇယား ဖြည့်သွင်းထားရှိမှု အခြေအနေတွေကို ခရိုင် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ အငယ်တန်း အင်္ဂျင်နီယာ (၂) ၊ ဦးထက်မြက်ဦး၊ ဆင်ပေါင်ဝဲ မြို့နယ် ကျေးလက် ဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဦးဇော်မင်းဦးနဲ့ ဝန်ထမ်းတွေ အဖွဲ့က လည်းကောင်း၊ သပြေစမ်း ကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်တဲ့ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေနဲ့ စာရင်း ဇယား ဖြည့်သွင်း ထားရှိမှု အခြေအနေတွေကို ခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဦးပြည့်ဖြိုးအောင်၊ အငယ်တန်း အင်္ဂျင်နီယာ (၂) ဒေါ်သီတာဆွေနဲ့ ဆင်ပေါင်ဝဲ မြို့နယ် ကျေးလက် ဦးစီး ဌာန ဝန်ထမ်းတွေ အဖွဲ့က လည်းကောင်း၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

အဲဒီ လုပ်ငန်းတွေကို ကျေးလက်နေ ပြည်သူတွေ ဝင်ငွေ ရရှိစေဖို့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ အခု အခါမှာ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

သတင်း - ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage